ဘဝတက်လမ်းအောင်မြင်ဖို့ ကိုရီးယားမှာကျောင်းတက်စို့

အဆင့်မြင့်ပညာရေးခရီးလမ်းကို စတင်ခြင်းက ဘဝအတွက်အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်… ဒီအတွက် မှန်ကန်တဲ့တက္ကသိုလ်ကို ရွေးချယ်ဖြစ်မှသာ တောက်ပတဲ့အနာဂတ်လမ်းခရီးကို ပုံဖော်ပေးနိုင်မှာပါ… 💯

‌ခုနောက်ပိုင်းနှစ်တွေမှာ နည်းပညာတွေထွန်းကားပြီး အာရှတိုက်ရဲ့အချမ်းသာဆုံးဖြစ်လာတဲ့ တောင်ကိုရီးယားနိုင်ငံဟာ အရည်အသွေးပြည့်မီတဲ့ ပညာရေးကိုသင်ယူလိုတဲ့ နိုင်ငံတကာကလူငယ်တွေအတွက် ရေပန်းစားတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်… 🇰🇷

စုံလင်တဲ့ပညာရပ်များ 📚💼

တောင်ကိုရီးယားနိုင်ငံရဲ့ တက္ကသိုလ်တွေမှာဆိုရင် လူငယ်တွေ စိတ်၀င်စားမှုများလာတဲ့ Webtoon၊ Anime အစရှိတဲ့ အနုပညာမေဂျာတွေကနေစပြီး ‌ခေတ်သစ်သိပ္ပံပညာ၊ အာကာသပညာ စတဲ့ ဘာသာရပ်တွေကိုပါ စုံလင်စွာ ‌ရွေးချယ်ပြီး တက်ရောက်နိုင်ပါတယ်…

နိုင်ငံတကာအသိအမှတ်ပြုမှု 🌐🏆

တောင်ကိုရီးနိုင်ငံဟာ နည်းပညာ၊ ဖျော်ဖြေ‌ရေးစတဲ့နယ်ပယ်တွေမှာ ရှေ့ရောက်နေသလို တက္ကသိုလ်တွေကပေးအပ်တဲ့ ဘွဲ့တွေကလည်း နိုင်ငံတကာအသိအမှတ်ပြုမှုကို ရရှိထားတဲ့ တက္ကသိုလ်တွေဖြစ်ပါတယ်…

ကျယ်ဝန်းပြီး နိုင်ငံတကာအဆင့်မီ ကျောင်း Campus များရှိခြင်း 🏫💻

နည်းပညာပိုင်းမှာ ရှေ့ဆုံးကဦးဆောင်နေတဲ့နိုင်ငံတစ်ခုဖြစ်တာနဲ့အညီ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေဟာလည်း နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တွေဖြစ်သလို ကျယ်ဝန်းတဲ့ ပရဝဏ်၊ ခေတ်မီတဲ့ Lab ခန်းတွေမှာ ပညာသင်ယူရမှာပါ..

အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်ခြင်း 🌐💼

တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာအနှံ့က စီးပွားရေးလုပ်ငန်းတွေနဲ့ ချိတ်ဆက်ထားတဲ့လုပ်ငန်းတွေ အများအပြားရှိတဲ့ နိုင်ငံတစ်ခုပါ…. ဒီလိုနိုင်ငံကနေ ဘွဲ့တစ်ခုရရှိထားမယ်ဆိုရင် နိုင်ငံတကာအလုပ်အကိုင်ဈေးကွက်မှာ နေရာရနိုင်ဖို့ အထောက်အပံ့ကောင်းတစ်ခုဖြစ်လာမှာပါ…

အနှစ်ချုပ်ပြောရရင်တော့ တောင်ကိုရီးယားနိုင်ငံမှာ တက္ကသိုလ်တက်ရောက် ပညာသင်ကြားခြင်းက ပညာရေးဆိုင်ရာထူးချွန်မှု၊ အလုပ်အကိုင်အခွင့်အရေးကောင်းမွန်မှု စတဲ့အကျိုးကျေးဇူးတွေတင်မကဘဲ တောင်ကိုရီးယားနိုင်ငံရဲ့ ကွဲပြားပြီးထူးခြားမှုရှိတဲ့ ယဉ်ကျေးမှုတွေကိုပါ ထိတွေ့ခွင့်ရမယ့် အခွင့်အရေးတစ်ခုဖြစ်ပါတယ်… 🌟

အခုလိုမျိုးအခွင့်အလမ်းကောင်းတွေအများကြီးရှိတဲ့ တောင်ကိုရီးယားနိုင်ငံတက္ကသိုလ်တွေမှာ တက်ရောက်ပြီး ဘ၀အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တဲ့ မြန်မာနိုင်ငံကလူငယ်တွေအတွက်လည်း 𝗦𝗘𝗛𝗔𝗡 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗠𝘆𝗮𝗻𝗺𝗮𝗿 ရှိနေပြီဖြစ်ပါတယ်… 🙆‍♀️

တောင်ကိုရီးယားနိုင်ငံက 𝗦𝗘𝗛𝗔𝗡 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 ကို https://sehanmyanmar.com/ ကနေ‌တိုက်ရိုက် ကျောင်းဝင်ခွင့်လျှောက်နိုင်နေပါပြီ… 😍

𝗦𝗘𝗛𝗔𝗡 University ရဲ့ တရားဝင် Website ဖြစ်တာကြောင့် လျှောက်လိုက်တဲ့ဖောင်တိုင်းဟာ ကျောင်းရဲ့ Admission ဆီကိုတန်းရောက်သွားမှာဖြစ်သလို မြန်မာဘာသာနဲ့ဖြစ်တာကြောင့်လည်း သိလိုတဲ့ သတင်းအချက်အလက်တွေကို ရှာဖွေရတာ ပိုပြီးလွယ်ကူအဆင်ပြေစေမှာပါ… 👈

ကျောင်းလျှောက်တာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ အောက်ပါဖုန်းနံပါတ်နဲ့ Email လိပ်စာတွေကို ဆက်သွယ်ပြီးစုံစမ်းနိုင်ပါတယ်…

☎️ – 09883565549

✉ – admin@sehanmyanmar.com

Leave a Reply

Your email address will not be published. Required fields are marked *

နိုင်ငံခြားအိပ်မက်ကို လက်တွေ့အကုန်အထည်ဖော်မယ်ဆို ရွေးချယ်သင့်တဲ့ SEHAN University

နိုင်ငံရပ်ခြားမှာ ကျောင်းတက်ပြီး အလုပ်လုပ်မယ်ဆိုတဲ့ စိတ်ကူးကို အကောင်အထည်ဖော်ချင်နေပြီလား… ဘယ်ကျောင်းတက်ရမလဲ မသိလို့အိမ်က မလွှတ်မှာစိုးလို့အဖော်မရှိသေးလို့ ဆိုပြီး ဆင်ခြေတွေပေးနေမိတာ အတော်ကြာပြီ ဟုတ်… ဒီတော့ ဘယ်ကျောင်းတက်ရမလဲရှာရင်း လမ်းပျောက်နေတဲ့ လူငယ်တွေကို 𝗦𝗘𝗛𝗔𝗡 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 က နွေးထွေးစွာ ဖိတ်ခေါ်နေတဲ့အကြောင်း ဒီမှာဆက်ဖတ်ပေးနော်… ~ 𝗦𝗘𝗛𝗔𝗡 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 မှာဆိုရင်

ကမ္ဘာ့ထိပ်တန်းပညာရေးစနစ်တည်ရှိရာတောင်ကိုရီးယားနိုင်ငံ

နည်းပညာနဲ့ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွေမှာ ကမ္ဘာ့ထိပ်တန်းရောက်ရှိ‌နေတဲ့ တောင်ကိုရီးယားနိုင်ငံဟာဆိုရင် ပညာရေးကဏ္ဍမှာလည်း အထူး ဦးစားပေးတဲ့နိုင်ငံတစ်ခုပါ…  တောင်ကိုရီးယားနိုင်ငံရဲ့ ပညာရေးစနစ်ဟာ စည်းကမ်းတင်းကြပ်ပြီး ပြိုင်ဆိုင်မှုပြင်းထန်တယ်ဆိုပြီး ကျော်ကြားပါတယ်… ငယ်ငယ်ကတည်းက ပညာရေးကိုအာရုံစိုက်ပြီးလုပ်ဖို့ မိဘတွေကိုယ်တိုင်ကဖိအားပေးကြပြီး စာတော်တဲ့ကျောင်းသားတွေဟာ လူမှုရေးနယ်ပယ်မှာပါ ဦးစားပေးခံကြရပါတယ်…  ‌ဒါပေမယ့် ဒီလိုမျိုးတင်းကြပ်တဲ့ ပညာရေးစနစ်ကိုပြီးဆုံးသွားတဲ့အခါမှာတော့ အခွင့်အလမ်းကောင်းများစွာက စောင့်ကြိုနေပြီး Multi-International Organization

လူတကာစိတ်ဝင်စားတဲ့ Nursing Major မှာ သင်ကြားရမယ့်ဘာသာရပ်တွေအကြောင်း

မြန်မာနိုင်ငံက ကျောင်းသားကျောင်းသူတွေ….ကိုရီးယားမှာကျောင်းသွားတက်ချင်တယ်!!အလုပ်အကိုင်အခွင့်အလမ်းသေချာတဲ့ ဘာသာရပ်မျိုးလည်း ဖြစ်ရမယ် !!ဒီလိုရည်ရွယ်ချက်ရှိသူတွေအတွက် 𝐒𝐄𝐇𝐀𝐍 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ရဲ့ 𝐍𝐮𝐫𝐬𝐢𝐧𝐠 𝐌𝐚𝐣𝐨𝐫 (Master 𝗣𝗿𝗼𝗴𝗿𝗮𝗺) က သင့်ကို နွေးထွေးစွာ စောင့်ကြိုနေပါတယ်  လူတိုင်းလူတိုင်း စိတ်ဝင်စားတဲ့ 𝐍𝐮𝐫𝐬𝐢𝐧𝐠 𝐌𝐚𝐣𝐨𝐫 ‌ကို ကိုရီးယားနိုင်ငံရဲ့ 𝐒𝐄𝐇𝐀𝐍 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ