About

မင်္ဂလာပါ။ ဆယ်ဟန် တက္ကသိုလ်မှ ကြိုဆိုပါတယ်။

ကျွန်တော်တို့ တက္ကသိုလ်ကို ၁၉၉၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ပါမောက္ခကြီး အီဂ‌ယောင်းအူမှ ဦးဆောင်၍ မို့ဖို မိန်းကလေး အထက်တန်းကျောင်း၊ မို့ဖို သိပ္ပံ တက္ကသိုလ် စသဖြင့် တည်ထောင်လာခဲ့ရာ ယခု အချိန်မှာတော့ ကျွန်တော်တို့တက္ကသိုလ်ကို  ယောင်းအမ်း campusမှာ တစ်ခုတစ်ခု၊ ဒန်ဂျင်း campus မှာ တစ်ခု နှင့်တရုတ်နိုင်ငံ ထရန်ကျင်းမှာ တစ်ခု တည်ထောင်ခဲ့ပါတယ်။ သင်ကြား ပို့ချပေးနေတဲ့ ဌာနခွဲပေါင်း ၂၆ ခုရှိပြီး ဘွဲ့ ကြို၊ ဘွဲ့ လွန်၊ မဟာတန်းတွေ အထိ တက်ရောက်နိုင်ပါတယ်။ ဘွဲ့ကြို၊ ဘွဲ့လွန် တက်ရောက်ပြီးသား ကျောင်းသားတွေ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းရရှိရေး အတွက် အဓိက ဦးစားပေး လုပ်ဆောင်နေတဲ့ တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။

ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အစွမ်းကုန် ကြိုးပမ်းလျက် ရှိပါတယ်။ ကျွန်တော်တို့ကျောင်းကတော့ အတော်ဆုံးသော ကျောင်းသားတွေကို မွေးထုတ်ပေးလျှက်ရှိပါတယ်။ ရလဒ်အနေဖြင့် အားလုံးစုပေါင်းပြီး ကြိုးစား အားထုတ်မှုကြောင့်  အလုပ်အကိုင် ရရှိမှု အများဆုံးသော တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်လျက် ရှိပါတယ်။ School of Police Safety, School of Aeronautics, School of Arts, School of Health, School of Education စတဲ့ မေဂျာတွေမှ ထူးချွန်ထက်မြက်သော ကျောင်းသားများဟာ သက်ဆိုင်ရာ လုပ်ငန်းခွင်တွေကို အများဆုံး ဝင်ရောက်နိုင်ကြတဲ့ တစ်ခုတည်းသော တက္ကသိုလ်အဖြစ် အောင်မြင်မှုများစွာ ရရှိပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ ယခုခေတ်မှာ တက္ကသိုလ်တွေကို နယ်ပယ်အသီးသီးက အသစ်အသစ်သော တီထွင်ဖန်တီးမှု တွေ တောင်းဆိုလျှက်ရှိပါတယ်။  ကျွန်တော်တို့ကလည်း အခြေခံကျတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာပြီး ကျောင်းသား ဗဟိုပြု နည်းလမ်းစဉ်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလျက် ရှိပါတယ်။ ဆယ်ဟန် တက္ကသိုလ်ဟာ၂၀၁၉ ခုနှစ်မှာ Certificate of Excellence ဆုကို ရရှိခဲ့ပြီး ဒီမှာတင် ရပ်တန့်မနေဘဲ တိုအင်းဘီ က ပြောခဲ့တဲ့ စကားဖြစ်တဲ့ “ စိန်ခေါ်မှုနှင့် တုံ့ပြန်မှု” ဆိုတဲ့အတိုင်း ပညာရေးတိုးတက်မှုကို အဓိက ဦးတည်လျက် ဘယ်လို စိန်ခေါ်မှုတွေကို မဆို တုံပြန်ဖို့ အဆင်သင့်ရှိလို့နေပါတယ်။ အောင်မြင်မှုဆိုတာ သူနဲ့ ထိုက်တန်တဲ့ အားထုတ်မှုရဲ့ ရလဒ်တစ်ခု ဖြစ်ပါတယ်။ အနာဂတ် ရည်ရှည် စီမံကိန်းအတွက် အလျှင်အမြန် အလောတကြီး သွားခြင်းထက် တစ်လှမ်းခြင်း တစ်လှမ်းခြင်းဖြင့် ရည်မှန်းချက် ပန်းတိုင်သို့ အရောက်လှမ်းသွားရမှာ ဖြစ်ပါတယ်။ ဘွဲ့ရပြီးနောက် အလုပ်အကိုင်ကို ရရှိဖို့ရာ အတွက် ကျောင်းသားများက အားသွန် ခွန်စိုက် ကြိုးပမ်းအားထုတ်ရပါတယ်။

ဒါ့ကြောင့်လည်း ကျောင်းသားတွေ ပညာလေ့လာစဉ် ကာလ အတွင်းမှာ professionalဆန်တဲ့ ပညာရေးကို ရရှိဖို့ရန် အတွက် စာသင်ကြားရေး နှင့် လက်တွေ့ လေ့ကျင့်ရေးတွေကို ပေါင်းစပ်သင်ကြားပေးမယ့် လက်တွေ့ဦးစားပေး တက္ကသိုလ် ပုံစံမျိုးကို ပြသသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ကျောင်းက ၄ ကြိမ် မြောက် စက်မှု ဖွံ့ဖြိုးရေးစီမံကိန်းမှာ ဦးဆောင်သူ ဖြစ်လာစေဖို့ အတွက်  နိုင်ငံတကာနှင့် ပညာ‌ရေး ဖလှယ်မှုများ၊ စီမံကိန်းများ ချမှတ်ပြီး အောင်မြင်အောင် ဆောင်ရွက်သွားပါမယ်။

မနက်ဖြန်အတွက် မျှော်လင့်ချက်များနှင့် ပြည့်နေတဲ့ ကျောင်းသားအားလုံးအတွက် အိမ်မက်တွေ အကောင်အထည် ဖော်နိုင်စေဖို့ ကျွန်တော်တို့ ဆယ်ဟန် တက္ကသိုလ်က တောင်းဆုပြုပါတယ်။ ဆယ်ဟန် တက္ကသိုလ်နှင့် အတူ အနာဂတ်ကို ရှေ့ဆက်မယ့် ကျောင်းသားအားလုံးအတွက် နောင်တဆိုတာမျိုး မရှိစေရပါဘူး ခင်ဗျာ။

———-ဆယ်ဟန် တက္ကသိုလ်မှ ပါမောက္ခကြီး အီဆွန်းဟွန်း———–

ကျောင်းကိုယ်စားပြုအမှတ်အသားများ

(Symbol animal - လိပ်)
လိပ်ကို ကိုယ်စာပြုရတဲ့ အ‌ကြောင်းရင်းကတော ရှေးခေတ် ဒဏ္ဍာရီလာ နတ်မင်းအဖြစ် ကိုယ်စားပြု တိရစ္ဆာန် တွေဖြစ်တဲ့ ဒေါင်းငှက်၊ နဂါး၊ သစ်ကုလားအုပ်၊ ကျား၊ လိပ် တွေထဲက တစ်ကောင် အပါအဝင် ဖြစ်ခြင်း၊ ဒဏ္ဍာရီလာ ပန်းချီကားချပ်ထဲက မြောက်ပိုင်းကို အုပ်စိုးတဲ့ အနက်ရောင် လိပ်နတ်မင်း အဖြစ် ကိုယ်စားပြုခြင်း၊ ဒါ့အပြင် ဒဏ္ဍာရီလာ ထာဝရ ရှင်သန်တဲ့ အရာ ဆယ်ခုထဲက တစ်ကောင် ဖြစ်တာကြောင့် လိပ်ကို ကိုယ်စားပြုခြင်း ဖြစ်ပါတယ်။
Symbol tree- ထင်းရှူးပင်
ထင်းရှူးပင်ကို ကိုယ်စားပြုရတဲ့ အကြောင်းရင်းကတော့ ထင်းရှူးပင်က နှစ်ရှည်ပင် ဖြစ်ပီးတော့ ဒဏ္ဍာရီလာ အရ ထာဝရ ရှင်သန်တဲ့ အရာ ဆယ်ခုထဲက တစ်ခု အပါအဝင် ဖြစ်ခြင်း၊ လေဒဏ်၊ မိုးဒဏ်၊ နှင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်ခြင်း၊ သန်မာခြင်း အဖိုးတန်ခြင်းတို့နှင့် ပြီးပြည့်စုံတဲ့ အပင် ဖြစ်တဲ့ အတွက်ကြောင့် ထင်ရှူးပင်ကို ကိုယ်စားပြုခြင်း ဖြစ်ပါတယ်။
(Symbol flower)- ဂန္ဓမာပန်းရိုင်း
ဂန္ဓမာပန်းရိုင်းကို ကိုယ်စားပြုရတဲ့ အကြောင်းရင်းကတော့ တောရိုင်းထဲမှာ တစ်ကိုယ်တည်း ရဲရဲဝံ့ဝံ့ ပွင့်တဲ့ပန်းအဖြစ်သော် လည်းကောင်း၊ ဆောင်းဦးမှာ ပွင့်လေ့ရှိတဲ့ အဝါရောင် ဂန္ဓမာပန်း၊ မေမြို့ပန်း စသဖြင့် လှပစွာ ပွင့်လန်းရှင်သန်ခြင်းကိုလည်းကောင်း ကိုယ်စားပြုပါတယ်။

Sehan University Logo

ကျောင်း Logo အဖြစ် ဆယ်ဟန်တက္ကသိုလ် ( Sehan University )အစ စကားလုံး ဖြစ်တဲ့ “S” ကို အသုံးပြုထားပါတယ်။ တနည်းအားဖြင့် “S” ကို တမူထူးခြားစွာ ပျံသန်းနေတဲ့ တောင်ပံ တစ်စုံအဖြစ်လည်း ဖန်တီးထားပါတယ်။ တစ်ဦးနှင့် တစ်ဦး လက်ဆွဲ နှုတ်ဆက်နေတဲ့ အနေအထား တစ်ခုအဖြစ်လည်း ဖော်ဆောင်လျှက် ရှိပြီး ကျောင်းတော် နှင့် ကျောင်းသား၊ ဒါ့အပြင် ကျောင်းတော် နှင့် စီးပွားရေးလုပ်ငန်းများ စသဖြင့် ပေါင်းစည်းခြင်းဖြင့် ပိုမိုကျယ်ပြန့်တဲ့ ကမ္ဘာသစ်ဆီသို့ အတူတကွ ပျံသန်းကြမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးကို ဖော်ပြထားခြင်း ဖြစ်ပါတယ်။ ကျောင်း logo မှာ ပါဝင်တဲ့ အပြာရောင်ကတော့ ကမ္ဘာ့အဆင့်မှီ ပညာတတ်တွေ မွေးထုတ်ပေးဖို့ရန်ဆိုတဲ့ ကျောင်းတော်ကြီးရဲ့ သ‌ဘောထားကို ရည်ညွှန်းပြီး လိမ္မော်ရောင်ကတော့ စည်းကမ်းရှိပြီးတော့ ရည်မှန်းချက် မြင့်မားတဲ့ ကျောင်းသားတွေကို ရည်ရွယ်ပါတယ်။

FORM

Are you ready to take the next step toward your future career?