ကိုရီးယားမှာ ကျောင်းတက်တော့မယ်ဆို ဘာတွေပြင်ထားရမလဲ။

ပြည်ပထွက်ပြီး ကျောင်းတက်ဖို့ပြင်ဆင်နေကြတဲ့ခေတ်ကြီးထဲမှာ ကိုယ်က Oppa တွေရှိရာ ကိုရီးယားမြေမှာ တက္ကသိုလ်တက်ပြီး နိုင်ငံတကာအဆင့်မီပညာရေးကိုအရယူဖို့ ပြင်ဆင်နေပြီလား? 🤔

ဒီပို့စ်လေးမှာတော့ ကိုရီးယားမှာကျောင်းသွားတက်မယ်ဆိုရင် ပြင်ဆင်ထားသင့်တဲ့အချက်လေးတွေကို ပြောပြပေးသွားပါမယ်နော်…. 👇

ဘာသာစကား 🗣️

ကိုရီးယားနိုင်ငံမှာကျောင်းသွားတက်‌တော့မယ်ဆိုရင် နံပါတ် (၁) အရေးကြီးဆုံးအချက်က ဘာသာစကားပါ… ‌ဒါ့အပြင် ကိုရီးယားတက္ကသိုလ်အတော်များများက ဝင်ခွင့်လိုအပ်ချက်မှာ 𝐓𝐎𝐏𝐈𝐊 𝟑 လောက်အထိ သတ်မှတ်ထားကြတာကြေောင့် ကိုရီးယားစာကို ကျွမ်းကျင်စွာပြောဆိုတတ်အောင် သင်ကြားသွားရင်တော့ အကောင်းဆုံးပါ…

ဗီဇာအမျိုးအစားများ 📚

‌ကိုရီးယားနိုင်ငံမှာ နေထိုင်ခွင့်ပေးတဲ့ Visa အမျိုးအစားအမျိုးမျိုးရှိသလို၊ Visa အမျိုးအစားပေါ်လိုက်ပြီး အချိန်းပိုင်းအလုပ်လုပ်ကိုင်ခွင့်နဲ့ 𝐓𝐎𝐏𝐈𝐊 လိုအပ်ချက်တွေလည်း ကွာခြားမှုရှိတာကြောင့် ကိုယ်က ဘယ် Visa မျိုးကိုလျှောက်မလဲ၊ ကျောင်းပြီးအလုပ်လုပ်တဲ့အခါမှာရော ဗီဇာရနိုင်မှာလား ဆိုတာတွေကို သေချာခွဲခြားသိထားဖို့ လိုအပ်ပါတယ်…

ယဉ်ကျေးမှု 🙆‍♀️

ကိုရီးယားယဉ်ကျေးမှုနဲ့ Lifestyle ကို K Drama တွေကနေတစ်ဆင့် ရင်းနှီးပြီးသားဖြစ်‌တာကြောင့် အထွေအထူးထပ်ပြီး သတိထားစရာတော့ လိုမယ်မထင်ပါဘူး…. ဒါပေမယ့် ကိုရီးယားယဉ်ကျေးမှုမှာ အသက်ကြီးတဲ့သူတွေကို အထူးလေးစားသမှုနဲ့ ယဉ်ကျေးစွာဆက်ဆံကြတာကိုတော့ ဂရုပြုသင့်ပါတယ်….

ကျန်းမာရေးစောင့်ရှောက်မှု 🩺

International Student တွေဟာ ကျန်းမာရေးနဲ့ပတ်သက်ရင် ကျောင်းကပေးတဲ့ အာမခံ၊ ဒါမှမဟုတ် ပုဂ္ဂလိကအာမခံ လုပ်ထားဖို့လိုအပ်တာကြောင့် ကိုရီးယားနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ ရင်းနှီးနေအောင် ကြိုတင်လေ့လာထားသင့်ပါတယ်…

ကိုယ်က ကိုရီးယားမှာကျောင်းသွားတက်ချင်တယ်၊ ကျောင်းသွားတက်ဖို့လည်း ပြင်ဆင်နေတယ်ဆိုရင်တော့ 𝐒𝐄𝐇𝐀𝐍 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကိုသာ သတိရလိုက်ပါနော်… ✌️

ကျောင်းတက်ဖို့လိုအပ်တဲ့အချက်တွေ၊ ကိုရီးယားသွားဖို့ ပြင်ဆင်ထားသင့်တဲ့အချက်တွေအားလုံးကို ကျွန်တော်တို့က သေချာ ပြောပြပေးသွားပါမယ်… 💁

ဒါတင်မကသေးပါဘူး https://sehanmyanmar.com/ ကနေ ကိုရီးယားက အထင်ကရတက္ကသိုလ်တစ်ခုဖြစ်တဲ့ 𝐒𝐄𝐇𝐀𝐍 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ကို တိုက်ရိုက်ကျောင်းဝင်ခွင့်လျှောက်နိုင်အောင် စီစဉ်ပေးထားသေးတော့ အစစအရာရာ အဆင်ပြေပြီပေါ့…🙆‍♀️

‌ဒိ့ထက်ပိုပြီး အသေးစိတ်သိချင်သေးတယ်ဆိုရင်တော့ Page Messenger က တစ်ဆင့် စုံစမ်းနိုင်ပြီး လူကိုယ်တိုင် မေးမြန်းစုံစမ်းလိုပါက….

𝗦𝗘𝗛𝗔𝗡 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆-𝙈𝙮𝙖𝙣𝙢𝙖𝙧
☎️ – 09883565549
✉️ – admin@sehanmyanmar.com

Leave a Reply

Your email address will not be published. Required fields are marked *

လှပတဲ့ ဆွဲဆောင်မှုတွေနဲ့ ဆိပ်ကမ်းမြို့လေး Mokpo

🇰🇷𝐌𝐨𝐤𝐩𝐨 မြို့…🇰🇷𝐌𝐨𝐤𝐩𝐨 (목포) မြို့ဆိုတာ တောင်ကိုရီးယားနိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာ တည်ရှိတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့ပါ….ကိုရီးယားယဉ်ကျေးမှုသမိုင်းကြောင်းတွေကို ခုချိန်ထိ သေချာထိန်းသိမ်းထားနိုင်တဲ့  ယဉ်ကျေးမှုမြို့လေးဖြစ်တာကြောင့် သာယာအေးချမ်းလှသလို ကမ္ဘာလှည့်ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နေတဲ့ မြို့လေးလည်း ဖြစ်ပါတယ်… 🏞 ♥ရေပြင်ပတ်လည်၀ိုင်းပြီး 𝐑𝐨𝐦𝐚𝐧𝐭𝐢𝐜 ဆန်တဲ့ဆိပ်ကမ်းမြို့လေးဖြစ်ပြီးတော့ အနီးနားက 𝐘𝐮𝐝𝐚𝐥𝐬𝐚𝐧 တောင်ပေါ်ကနေ 𝐌𝐨𝐤𝐩𝐨 မြို့ရဲ့ရှုခင်းအလှတွေကိုကြည့်ရှုနိုင်တဲ့အပြင်

AI ဘာသာရပ်နဲ့ ပရော်ဖက်ရှင်နယ်ဘဝကို စတင်ချင်သူတွေအတွက်

🚀အချိန်နဲ့အမျှ ပြောင်းလဲတိုးတက်နေတဲ့ အိုင်တီခေတ်ကြီးထဲမှာ AI နည်းပညာက ပိုမိုအသုံးဝင်လာနေပါတယ်…. လူသားစွမ်းအင်ကိုသက်သာစေမယ့် နည်းပညာတွေတီထွင်ဖန်တီးနိုင်လာတဲ့ထဲမှာ 𝗔𝗿𝘁𝗶𝗳𝗶𝗰𝗶𝗮𝗹 𝗜𝗻𝘁𝗲𝗹𝗹𝗶𝗴𝗲𝗻𝗰𝗲 (𝗔𝗜) နည်းပညာရပ်တွေက ရှေ့တန်းမှာ နေရာယူလာနိုင်နေပါပြီ 📈 🛰⚙ စက်မှုလုပ်ငန်း၊ အစိုးရလုပ်ငန်းတွေနဲ့ သိပ္ပံပညာရပ်တွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့ 𝗔𝗜 နည်းပညာကို   Google Search လို

International Students တွေ ရွေးချယ်နိုင်တဲ့ ဘာသာရပ်တွေအကြောင်း

ကိုရီးယားကတက္ကသိုလ်တွေမှာ ကျောင်းသွားတက်ချင်တယ်…ဒါပေမယ့် ကိုယ်တက်မယ့် တက္ကသိုလ်တွေမှာက ဘယ်ဘာသာရပ်တွေရှိတာလဲ၊ ကိုယ့်ဝါသနာနဲ့ ကိုက်ညီတာရှိပါ့မလားဆိုပြီး တွေးပူနေရတာလား❓ ✨ဒါဆိုရင်တော့ စိတ်ပူမနေပါနဲ့တော့…. နိုင်ငံခြားကျောင်းသားတွေအတွက် နိုင်ငံတကာအဆင့်မီဘာသာရပ်များစွာကို သင်ကြားပေးနေတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ 𝗦𝗘𝗛𝗔𝗡 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 ရဲ့ International Major Program တွေကို ခုပဲ join လိုက်လို့ ရပါပြီ  🏝ပင်လယ်ကမ်းခြေတွေအနီးက